စိတ်ဝင်စားမိတဲ့ WPF (Windows Presentation Foundation)

ညီမငယ်တစ်ဦး နှင့် သူမကောင်လေး ရဲ့အကူအညီကြောင့် ကျနော် Windows Vista ကိုစတင်သုံးခွင့်ရရှိခဲ့ပါတယ်။ Windows Vista ရဲ့ထူးခြားချက်ကတော့ Graphic Designs (GUI) တွေအရမ်းကောင်းတာတွေ့ရပြီးတော့ သုံးရတာလည်း အရမ်း Smooth ဖြစ်တယ်လို့ခံစားမိပါတယ်။ အထူးသဖြင့် .NET framework 3.0 ရဲ့အားသာချက် အားနည်းချက်များကိုပါလေ့လာခွင့်ရခဲ့ပါတယ်။
.NET framework 3.0(အရင်အခေါ် WinFX) ကို Windows Vista ပေါ်မှာ သုံးရန် အထူးသင့်လျှော်ကြောင်းသိရှိရပြီး၎င်း framework များတွင်ပါဝင်သည့် WPF (Windows Presentation Foundation, formerly code-named Avalon), WCF (Windows Communication Foundation, formerly code-named Indigo), WWF (Windows Workflow Foundation, formerly code-named Workflow) နှင့် WCS (Windows Card Space, formerly code-named InfoCard) အကြောင်းကိုလေ့လာမိပါတယ်။
အဲ့ဒီအထဲကမှ WPF (Windows Presentation Foundation) အကြောင်းလေးကို စိတ်ဝင်စားမယ်ဆိုရင် ကျနော်လေ့လာထားသလောက် ပထမဆုံးမျှဝေချင်ပါတယ်။



Microsoft .NET 3.0 Framework Diagram


WPF က .NET framework 3.0 ရဲ့ Graphical Subsystem Feature တစ်ခုဖြစ်ပါတယ်။
WPF ကို Windows XP SP2 and Windows Server 2003 တွေမှာပါ အသုံးပြုနိုင်တယ်လို့လေ့လာသိရှိရပါတယ်။ WPF သည် Application တစ်ခုတည်ဆောက်ဖို့ရာမှာ Consistent programming model ကို ဖြည့်ဆည်းပေးနိုင်ပြီး၊ UI နှင့် Business Logic ကြားမှာရှင်းရှင်းလင်းလင်းဖြစ်အောင် ဆောင်ရွက်ပေးနိုင်ပါတယ်။
ပြီးတော့ WPF Application ကိုတော့ Desktop နှင့် Web Server များမှာ deploy လုပ်လို့ရပါတယ်။ WPF က Graphical Subsystem Feature ဖြစ်တာနဲ့ အညီ the visual aspects ကို Develop လုပ်ရတာအလွန်ကောင်းလှပါတယ်။ သူရဲ့ အဓိက ရည်ရွယ်ချက်ကတော့ 2D, 3D Drawing တွေ၊ User Interface၊ Vector Graphics, Animation, Data Binding, Audio, Video တွေနှင့် Fixed လုပ်ပြီးသား အလွယ်တကူ သုံးလို့ရရှိနိုင်မယ့် Documents ကို ထည့်သွင်း Develop လုပ်နိုင်ဖို့ပါ။

WPF/E ဆိုတာကတော့ WPF ရဲ့ အခွဲလေးဖြစ်ပါပြီး WPF ကိုနေရာတိုင်းမှာသုံးနိုင်ရမယ်လို့ဆိုလိုတာဖြစ်ပါတယ်။ သူကတော့ WPF ကို Mobile Version အတွက် ဖြစ်ပြီး XAML နှင့် Javascript ပေါ်မှာ အခြေခံထားပါတယ်။ ပြီးတော့ 3D Drawing Features တွေတော့ မပါပါဘူး။

WPF/E ၏ အသုံးပြုထားတဲ့ Application တစ်ချို့၏ Screen



အခုဆက်ပြီး WPF ရဲ့ Feature လေးတွေအကြောင်းပြောပြလိုပါတယ်။

Graphical Services
WPF သည် 3D Model rendering ကို support လုပ်နိုင်ပြီး 2D applications တွေကို အသုံးပြုနိုင်ပါတယ်။

Deployment
WPF သည် ရိုးရိုး traditional standalone applications မဟုတ်ပဲ standalone XAML Browser Applications ကို Build လုပ်နိုင်ပါတယ်။

Interoperability
WPF သည် Win32 မှာရှိတဲ့ Information တွေကို ဝေငှသုံးစွဲနိုင်ပါတယ်။ပြီးတော့ Windows Forms နှင့်လည်း ElementHost နှင့် WindowsFormsHostတွေနဲ့ပတ်သတ်ပြီးသုံးစွဲနိုင်ပါတယ်။

Media Services
WPF သည် 2D Graphics တွေကို built-in set of brushes, pens, geometrics တွေသုံးပြီးတော့ ဖန်တီးနိုင်ပါတယ်။ 3D တွေကိုတော့ Direct3D ကပေးတဲ့ Features တွေအကုန်သုံးနိုင်ပါတယ်။ပြီးတော့ သူက most of common images format ကိုလည်း support လုပ်ပေးနိုင်ပါတယ်။ WMV, MPEG နှင့် AVI တွေ ကိုပါ support ပေးပါတယ်။

Data Binding
ထုံစံအတိုင်း Applications သုံးပါပြီဆိုမှတော့ အနည်းအများ Informationတွေကိုသိမ်းဆည်းဖို့လိုလာပါပြီ။ အဲ့ဒီအတွက် Data binding ကိုပါ supportလုပ်ပေးပါတယ်။
User Interface
WPF မှာ Set of Built-in Controls ကိုစီမံပေးထားပြီး အဲ့ဒီမှာ Button, menu, List Boxတွေကိုတွေ့ရပါတယ်။ ဒါပေမယ့် DataGrid ကိုတော့မတွေ့ရပါဘူး။ အခုနောက်ပိုင်းတော့ 3rd party vendors တွေကစပြီးတော့ သုံးလို့ရပြီလို့ပြောပါတယ်။


WPF ၏ Basic Diagram



WPF ၏ အသုံးပြုထားတဲ့ Application တစ်ချို့၏ Screen များ




WPF ကိုသုံးထားတဲ့ Applications တစ်ချို့ကိုဖော်ပြပေးချင်ပါတယ်။
-Yahoo! Messenger
-New York Times Reader



ကျနော်နောက်အပိုင်းများတွင် Techincal Terms တွေကို အင်္ဂလိပ်မြန်မာရိုက်ရတာအဆင်မပြေဖြစ်တဲ့အတွက် အင်္ဂလိပ်လိုပဲဖော်ပြခွင့်ပြုပါ။

2 comments:

Thinzar said...

အခုလို စိတ်ရှည်လက်ရှည် ဘာသာပြန်ပြီး ရှင်းပြပေးတာ ကျေးဇူး… အဲဒါကို စိတ်ဝင်စားနေတာ။ ဒါပေမယ့် အင်္ဂလိပ်လို ဖတ်ရမှာပျင်းနေတာနဲ့ မဖတ်ဖြစ်ဘူး။ အခု ကိုပရိုဂရမ်မှာ ရှင်းပြလိုက်တော့မှဘဲ…

Anonymous said...

Great your hints...i think You should be good technology and good feature.... WPF are not popular in Myanmar.... and WPF is goody efficient and amazing presentation for users....There are good ambision and Great mantion.... so i pray the God... my be god bless you................ And have a nice your dream..........

Hinino2@gmail.com