ကျွန်တော်ပြောပြချင်တဲ့ ပုံပြင်လေးတစ်ပုဒ်။
မိုးရွာနေသော ဒီ တနင်္လာနေ့အဖို့ ရုံးတက်ရသည်မှာ တကယ်စိတ်မပါလှပါ။
ဒါနဲ့ပဲ မသွားချင်ပေမဲ့ သွားနေရဦးမည့် အတွက် စိတ်ပျက်ပျက်နှင့်ထွက်လာခဲ့မိပါတယ်။ ထွက်လာရင်းနှင့် လမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေကြသော ကျောင်းသားများကို တွေ့ရသောအခါ ကျွန်တော်ငယ်စဉ် အခါက ကျောင်းသားဘ၀အကြောင်းကို သတိရသွားမိပါသည်။
ကျွန်တော်သည် ငယ်စဉ်ကကျောင်းတက်အလွန်ပြင်းပါတယ်။ တက်နိုင်လျှင်မိဘနှစ်ပါး နှင့်သာအချိန်ကုန်နေမိပြီး အပေါင်းအသင်းဆို၍ ကျွန်တော်မေမေသာရှိပါသည်။ အမဖြစ်သူမှာလည်း ကျွန်တော်ထက် ၅နှစ်ကြီးသောကြောင့် ကျွန်တော်နှင့်မကစားလိုပဲ သူ့ရဲ့အပေါင်းအဖော်များသာအချိန်ကုန်လေ့ရှိပါသည်။
မိုးရွာပြီဆိုလျှင် ကျောင်းတက်ပျင်းသောကျွန်တော့်ကို ကျွန်တော့်မေမေကကျောင်းမလွှတ်ပဲ အိမ်မှာထားလေ့ရှိပါတယ်။အထူးသဖြင့် ကျွန်တော်မှာ G6PD ခေါ်သွေးဖြူဥ နည်းတဲ့ရောဂါရှိတဲ့အတွက်ငယ်စဉ်က အလွန်ချူခြာလွန်းတဲ့ကျွန်တော့် ကိုအရမ်းဂရုစိုက်ခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်တွေကုန်လွန်လာခဲ့ပြီး ဆယ်တန်းကိုကျော်လွန် လာခဲ့ပါတယ်။
တက္ကသိုလ်ရောက်ပြန်တော့ကော မိဘ ကသူတို့မျက်စိအောက်မှာပဲထားပြန်ပါတယ်။ သူငယ်ချင်းများနဲ့ခရီးသွားရန်ပြင်ဆင်သော်လည်းပေးမလွတ်။ ကျွန်တော့်ကို အချိန်ပြည့် ကွန်ပျူတာတစ်လုံးနဲ့သာ အချိန်ကုန်စေလိုတဲ့သဘောမှာရှိပါတယ်။ KMD မှာ IDCS ကို ၁၉၉၅ စတက်တုန်းကလည်း ဖေဖေကပင်လိုက်၍ အကြိုအပို့လုပ်ပေးပါတယ်။ ကျွန်တော့်သူငယ်ချင်း အများကပင် ဖေဖေနှင့်ရင်းနှီးနေလေပြီ။ သူတို့ကို အိမ်ခေါ်၊ Project လုပ်နဲ့ နောက်ဆုံးမှာ Myanmar Horoscope (Zartar) System ကို ဖေဖေရဲ့ ဗေဒင်ပညာအကူအညီနဲ့ NCC ကိုတင်သွင်းခဲ့ပြီး ပထမဆုရခဲ့ပါတယ်။
ဒါနဲ့ပဲ ပထမဦးဆုံးစ၍ Programmer ဆိုတဲ့အလုပ်ကို ဖေဖေရဲ့သူငယ်ချင်း ဘဏ်တစ်ခုမှာ13-Sept 1997 က အလုပ် စလုပ်ဖြစ်ပါတော့သည်။ ကျွန်တော့် အလုပ်စလုပ်တော့ အသက် ၁၉ နှစ်အရွယ်သာရှိပြီ ဘဏ်၌အငယ်ဆုံးဖြစ်ပြီး လူအများရဲ့စိတ်ဝင်စားမှု အထူးသဖြင့်စပ်စုမှုကိုခံ ခဲ့ရပါတယ်။ ဒီလိုနဲ့ အချိန်တွေတဖြည်းဖြည်းကုန်လွန်လာခဲ့ပြီး အိမ်ထောင်ကျဖို့ အခြေအနေ တစ်ခုကိုဖန်တီးလာခဲ့ပါတယ်။ ဒါဟာလည်း ကျွန်တော်ထင်ပါတယ်၊ မိဘရဲ့ ကန့်သတ်ချက်များ လွန်းခြင်းနှင့် ကျွန်တော်ကို ကလေးတစ်ယောက်လိုဆက်ဆံနေခြင်းက ဤအခြေအနေကို တွန်းပို့လိုက်သလိုဖြစ်နေမယ်ဆိုရင်လည်းမှားမယ်လို့မထင်ပါဘူး။
၁၉ ဒီဇင်ဘာ ၁၉၉၈ တွင် ဘဏ်မှ လုပ်ဖော်ကိုင်ဖက်များနဲ့ ချောင်းသာခရီးထွက်ရန် စီစဉ်ခဲ့ပါတယ်။ ထုံစံအတိုင်း ကျွန်တော်မိဘများကလိုက်ခြင်ပြန်ပါသည်။ ကဲ နောက်ဆုံးတော့ ချောင်းသာခရီးသွားရန် ပုသိမ်ကားဂိတ်ရောက် မနက်စာစားပြီး၊ ကားပေါ်တက်နေရာယူခဲ့ပြီ ကားထွက်ရန်အချိန်ကို စောင့်နေခဲ့ ပါတယ်။ ထိုအချိန်၌ ကားထွက်တော့မည်ဖြစ်သ၍မိန်းကလေးတစ်ယောက်ရဲ့ အော်ခေါ်သံကိုကြားလိုက်မိပြီး သတိထားမိသည်မှာ ကျွန်တော် ဘေးခုံတွင်ခုံတစ်ခုံလွတ်နေ ခြင်ဖြစ်ပါသည်။ အပြီးသတ်တော့ ထိုအော်ခေါ်သည့် ကောင်မလေးမှာ ကျွန်တော်ရဲ့ ဘေးတွင်ကျသော အရမ်းချောမောလှပတဲ့သူဖြစ်နေပါတယ်။ ဘာဖြစ်သွားမှန်းမသိကျွန်တော် အသက်ရှုရပ်သွားသလောက်ရအောင်ပင် သူမရဲ့အလှအတွင်းမှာ ကျွန်တော်နှစ်မြောသွားမိ ပါသည်။ သူကတော့ ပဲအပြည့်နဲ့ပေါ့။ ကျွန်တော်မိဘ တွေကတော့ မသိရှာပါ။ ကားရှေ့ပိုင်းတွင် ထိုင်ပြီး ဟိုဟာစားလိုက်၊ ဒီဟာစားလိုက်နဲ့။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက် အချို့ကတော့ မျက်စပြစ်ပြပါတယ်။
ဒီလိုနဲ့ပဲညောင်တုန်းရောက်တော့ ဧရာဝတီမြစ်ကြီးကို စက်လှေနဲ့ကူးပြီး တစ်ဖက်က ကားကို ပြောင်းစီးဖို့ပြင်ဆင်ရပါတယ်။ ဒီလိုနဲ့ ပုသိမ်မြို့ဝင်ပြီး ကားဂိတ်အရောက်မှာတော့ ကျွန်တော်တို့ တဖွဲ့လုံးဟာ ဆင်းကျန်ရစ်ခဲ့ပြီး ချောင်းသားကားမလာခင်ထမင်းစားပါသည်။ ထမင်းသာစားနေရသော်လည်း ဘာဟင်းနဲ့စားလို့ဝင်သွားမှန်းမသိသည်မှာကျွန်တော်ဖြစ်ပါတယ်။ ကျွန်တော်စိတ်တွေဒီမှာမရှိတော့ဘူး။ စောစာက ကားပေါ်မှာပါသွားပြီ။ ဒီဟာက ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကကျွန်တော့်ကိုစလိုက်တာပါ။ ဟုတ်မှာပါ ကျွန်တော်ကိုယ် တိုင်ကလည်း။ သူဘယ်မှာနေသည်မသိ။ သူဘယ်သွားသည်မသိ။ သိသည်မှာသူမရဲ့ နာမည်လေး တစ်ခုပင်။
ဆက်ရန်။
မှတ်ချက်။စိတ်ကူးယဉ်၍ရေးထားခြင်းသာဖြစ်ပါသည်။
2 comments:
It's interesting bro..Pls continue..
စိတ်ကူးယဉ် <<< ဒီလိုပေါင်းရတယ် bro ရ.. =P
သိပါဘူးဗျာ.. ကိုယ့်အကြောင်းကို ရေးထားတာလားလို့ ..
ဘာပဲဖြစ်ဖြစ် စိတ်ကူးပြီးရေးထားတာလို့  ပြောထားတော့လည်း အဲ့လိုပဲ မှတ်လိုက်ပါတော့မယ်..
မြန်မြန်ပြီးအောင်တော့ရေးပါဦးနော့..
Post a Comment