ထူးဆန်းဖွယ်ရာညောင်ပင်ကြီး။



ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ ပန်ဟတ်အထက်ရွာတွင် ကာလအတန်ကြာလဲနေသာ ညောင်ပင်ကြီးတစ်ပင်သည် ထူးဆန်းစွာ ပြန်လည်ထောင်မတ်လာပြီး အနီးအနားရှိ ရွာသူရွာသားများက ဖယောင်းတိုင်၊ အမွှေးတိုင်၊ ကန်တော့ပွဲများ ဆင်ယင်၍ ပူဇော်ပသလျှပ်ရှိကြောင်း သိရပါသည်။

ညောင်ပင်ကြီး၏လုံးပတ်လည်မှာ ၁၅ ပေခန့်ရှိပြီး မြန်မာသက္ကရာဇ် ၁၃၆၇ခု တန်ခူးလပြည့်ကျော် ၁၁ ရက်ညနေ ၃း၃၀ အချိန်တွင် ယင်းညောင်ပင်ကြီးမှာ မိုးကြီးလေကြီး ဒဏ်ကြောင့် အမြစ်များထွက်ပေါ်လာသည် အထိလဲကျနေရာမှ မြန်မာသက္ကရာဇ် ၁၃၆၈ ခု၊ ၀ါခေါင်လဆန်း ၄ ရက် ည ၈ နာရီအချိန်တွင် ပြန်လည်ထောင်မတ်လာသည် ကို တွေ့ရခြင်းဖြစ်ကြောင်း၊ ယင်းနေ့မှစ၍ အနီးအနားရှိ ရွာသူရွာသားများနှင့် ကျောက်မဲမြို့နေ မိဘပြည်သူများလာရောက်ကြည့်ရှုကြသည်မှာ ဘုရားပွဲသဖွယ်စည်ကားလျှက်ရှိကြောင်းသိရပါသည်။

ယခုအခါ ယင်းညောင်ပင်ကြီးပတ်ဝန်းကျင် ပေ ၂၀ ခန့် အကွာတွင်ခြံဝန်းကြီးသဖွယ် ၀န်းရံခတ်ထားပြီး၎င်းဝန်းကျင်အတွင်းတွင် သက်ကယ်မိုးများ၊ ၀ါးတဲများ ဆောက်လုပ်ထားကြပြီး၊ ယင်းညောင်ပင်ဓာတ်ပုံတစ်ပုံကို ကျပ် ၅၀၀ ဖြင့်ရောင်းချပေးကြောင်း၊ မကြာမီ ယင်းဝန်းကျင်အတွင်း ရေတွင်းတူးရာမှ ဆင်းတုတော်တစ်ဆူတူးယူရရှိထားကြောင်း ဦးဆန္တိမာ က ဆက်လက်ပြောပါသည်။
Source: YGN TIME

1 comment:

Unknown said...

Aw!!! Myanmars .... Myanmars