အမြတ်နိုးဆုံးပန်း

ပန်းလေးတစ်ပွင့်
ပွင့်ဖူးဖို့ရာ
စောင့်ရှောက်ခဲ့တာ
ဥယာဉ်မှူးပမာ..။

ပွင့်လင့်စကား
မြတ်နိုးပန်ခွင့်
ချူစွတ်နိုင်စွမ်း
မရှိခဲ့တာ
ဥယာဉ်မှူးပမာ..။

ရင်တထိတ်ထိတ်
စိုးရိမ်ရင်ထဲ
ဘယ်တော့လေများ
ဆွတ်ခူးသွားမလဲ
မကြုံချင်သော
နေ့ဆိုးများပမာ..။

2 comments:

Nay Nay Naing said...

ဒါမျိုးတွေလည်း ရတယ်တဲ့လား၊ မထင်ရဘူး။ အားပေးနေပါတယ်.. :)

Mr. Programmer said...

hehe.