ကမ္ဘာကြီးပူနွေးလာတာ နေမင်းကြီးကြောင့်ဆိုပဲ။

ဒီတပတ်ထုတ်ဂျာနယ်တစ်ခုမှာရေးထားသားပါ။
ရာသီဥတု အပြောင်းအလဲများနှင့်အတူ ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ အင်္ဂါဂြိုလ်၊ ပလူတို စသော နေအဖွဲ့အစည်းများတွင်းရှိ အခြားဂြိုလ်များတွင်ပါ ပူနွေးလာရာ နေအဖွဲအစည်းကိုယ်တိုင်က ပူနွေးလာခြင်းဖြစ်သည်ဟုယူဆလာခဲ့ကြသည်။ သို့ဖြစ်ရာ နေ၏ပြောင်းလဲလှုပ်ရှားမှုများက ကမ္ဘာကြီးပူနွေးလာမှုနှင့် ဆက်စပ်နေသည်လားဆိုသည်ကို ပညာရှင်များကလေ့လာသုံးသပ်လျှပ်ရှိကြသည်။
ပညာရှင်အချို့က ကမ္ဘာကြီးပူနွေးလာခြင်းမှာ လူတို့၏ပြုမူဆောင်ရွက်မှုများကြောင့်ဆို သည် ထက်နေ၏အပြောင်းအလဲများကြောင့်ကြုံရသော သဘာဝလက္ခဏာ တစ်ရပ်ဟု ခန့်မှန်း ကြပါသည်။
ယခင်အတိတ်နှစ်သန်းပေါင်းများစွာကပင်နေ၏အပြောင်းအလဲများသည် ကမ္ဘာကို ရိုက်ခတ်ခဲ့ပေရာ ယခုအချိန်တွင်လည်း ယင်းသို့ဖြစ်လာခြင်းလောဆိုသည်ကို သုံးသပ်လျှပ် ရှိကြသည်။
အင်္ဂါဂြိုလ်ပေါ်ရှိ ရေခဲပြင်များအရည်ပျော်ပျောက်ကွယ်ခဲ့ခြင်းသည်နေမင်းကြောင့်ဟု ဖော်ပြခဲ့ပြီး ကမ္ဘာသည်လည်း ယင်းကဲ့သို့သောအခြေအနေမျိုးကြုံတွေ့လာရခြင်းဖြစ်နိုင်သည် ဟု ပညာရှင်များကယူဆလာကြောင်းဖော်ပြထားပါတယ်။

No comments: