ကျွန်တော်နိုင်ငံရေးမလုပ်ပါ။

ကျွန်တော် ရဲ့ blog လေးမှာ ကျွန်တော့်စိတ်ထဲမှာရှိတာလေး တချို့ ကိုရေးမိခဲ့ပါတယ်။ ဒါနဲ့ လူတွေက လာမေးကြပါတယ်။ မြန်မာပြည် ကို ကောင်းကောင်းမပြန်ချင်ဘူးလားတဲ့။
ကျွန်တော့်ကို visa မပေးပဲနေရင်ဘယ်လိုလုပ်မလဲပေါ့။
ကျွန်တော် တော်တော် အံ့သြမိပါတယ်။ ကျွန်တော် ဘာများ အမှားလုပ်မိလို့လည်းပေါ့။ ကျွန်တော် ဘယ် ၇ ရက်သားသမီးကိုမှ စိတ်ဆင်းရဲအောင် မလုပ်ဘဲနဲ့ များ ကျွန်တော် ကိုပေးမပြန်ချင်ရမှာလဲပေါ့။ ပြီးတော့ အခုတလောတွင်း လာရောက်လည်ပတ်သူလည်း များပြားလာတာတွေ့ရပါတယ်။
အဲ့ဒါနဲ့ ကျွန်တော် မိတ်ဆွေတချို့ကို မေးမိပါတယ်။ ကျွန်တော် blog ကို ဘယ်လိုမြင်လဲဆိုတော့၊ တချို့ကတော့ ဘာမှမဖြစ်ပါဘူးတဲ့၊ တချို့ကတော့ နိုင်ငံရေး ဆန်တယ်လို့ပြောပါတယ်။
အဲ့ဒါကြောင့် ကျွန်တော်ဒီနေရာက ရှင်းလင်းပြပါရစေ။
ကျွန်တော် နိုင်ငံရေးမလုပ်ပါ။ စိတ်လည်းမ၀င်စားပါ။ စိတ်မ၀င်စားတာက နားမလည် လို့လည်းဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်အနေနဲ့ လည်းလုပ်ပိုင်ခွင့်မရှိတော့ပါဘူး။ ပြီးတော့ ကျွန်တော် မည်သူကိုမျှလည်း မတိုက်ခိုက်ပါဘူး။ ရီစရာလေးတွေ၊ နေ့စဉ်ကြုံတွေ့ နေတာလေး တွေတာရေးမိတာပါ။ အချင်းချင်း ခံစားမှုလေးတွေ ဖလှယ်ကြတာပါ။ သူတစ်ပါးရေးတဲ့ ဆောင်းပါး ကို ဝေဖန်တာ နိုင်ငံရေးမဟုတ်သလို၊ နေ့စဉ်မြင်နေရ ကြုံနေရ အခက်အခဲများ အတွေ့ကြုံများကိုရေးခြင်းသည်လည်း နိုင်ငံရေးမဟုတ်ပါ။ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကျွန်တော် လေးစားပါတယ်။ အထူးသဖြင့် ကျွန်တော်ကို ဒီနေ့ အခြေအနေရောက် အောင် မွေးဖွားခဲ့ရာ မွေးရာဇာတိဖြစ်တဲံ့မြန်မာနိုင်ငံကို အထူးသဖြင့် အစဉ်လေးစားစွာဖြင့်…။

1 comment:

Nay Nay Naing said...

အစ်ကိုကြီး... စိတ်ထဲရှိတာရေးတာပဲ.. ဘာဖြစ်လဲ.. ရေးသာရေးစမ်းပါ။ ဒီလို မြင်ရ၊ ကြားရတာလေးတွေပေါ် မူတည်ပြီး စိတ်ထဲဖြစ်လာတာလေးတွေကို အားလုံးနဲ့  မျှဝေပေးတာ ဖတ်ရတဲ့ သူတွေ အဖို့  အကျိုးရှိတယ် ထင်တယ်. ညီမတော့ ကြိုက်တယ်. ဆက်ရေးပါ. အားပေးနေတယ်...