ရန်ကုန်တွင်သရီးဂျီ မိုဘိုင်းလ်ဖုန်း အသုံးပြုခွင့်ရတော့မည်

မြန်မာနိုင်ငံ၏ ဆက်သယ်ရေးစနစ် ပိုမိုအဆင့်မြင့်မားစေရန်အတွက် တတိယမိုဘိုင်းလ်မျိုးဆက်သစ်ဖြစ်သောသရီးဂျီ WCDMA စနစ် မိုဘိုင်းလ်ဖုန်း အလုံးရေသုံးသောင်းကို ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တွင် တပ်ဆင်ပေးတော့မည်ဖြစ်ကြောင်းသိရသည်။

အသံနှင့်အတူရုပ်ပါမြင်နိုင်သည့် WCDMA ဖုန်းအလုံးရေသုံးသောင်းကို ရန်ကုန်မြို့တွင် ပထမဆုံးအသုတ်အဖြစ် လျက်မြန်စွာတပ်ဆင်ပေးနိုင်ရန်နှင့် ယင်း WCDMA ဖုန်းများ ပြောဆိုနိုင်ရန်အတွက် ရေဒီယိုစခန်း ၁၅ ခုကိုလည်း တည်ဆောက်ပေးနေပြီဖြစ်ကြောင်း သိရသည်။

ယင်းရေဒီယိုစခန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက လျက်မြန်စွာ ပြီးစီးရန်အတွက် တည်ဆောက်ပေးနေပြီဖြစ်ရာ တည်ဆောက်ပြီးစီးသည်နှင့် တစ်ပြိုင်နက် WCDMA ဖုန်းများကိုလည်း ပ်ြညသူများအား အသုံးပြုခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုဘိုင်းဖုန်းစနစ်တွင် လက်ရှိအဆင့်အမြင့်ဆုံးဖြစ်သော WCDMA ဖုန်းကို ၂၀၀၈ နှစ်ထဲတွင် ပြည်သူများစတင်အသုံးပြုနိုင်မည်ဖြစ်ပြီး ယင်း WCDMA ဖုန်းကိုပြည်သူများ ကိုင်ဆောင်အသုံးပြုခွင့်ရရှိလျှင် မြန်မာ့ဆက်သွယ်ရေးစနစ်မှာ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။

ယင်း WCDMA စနစ်သည် လက်ရှိဂျီအက်စ်အမ်ကွန်ရက်ကို အခြေပြုပြီး အဆင့်မြှင့်တင်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ဒီသတင်းကိုကြားရတဲ့အတွက် ဒေသခံပြည်သူတစ်ဦးအနေနဲ့ အရမ်းဝမ်းသာမိပါတယ်။

ဒီ WCDMA သာမြန်မာနိုင်ငံမှာ အသုံးပြုခွင့်ရတော့မယ်ဆိုရင် မြန်မာ့ဆက်သွယ်ရေးစနစ်ဟာ တော်တော်လေးတိုးတက်သွားမှာဖြစ်ပါတယ်။

လက်ရှိဒီ WCDMAက ကမ္ဘာမှာခေတ်အစားဆုံးဖြစ်သလို မိုဘိုင်းလ်ဖုန်းတွေရဲ့ တတိယမျိုးဆက်လည်းဖြစ်ပါတယ်။

ယနေ့နိုင်ငံတော်တော်များများမှာ တွင်ကျယ်စွာအသုံးပြုနေကြတဲ့ ဒီ WCDMA ဖုန်းတွေရဲ့ လုပ်ဆောင်ချက်တွေက အံ့မခန်းပါပဲ။

ဒီ WCDMA ကနေတစ်ဆင့် အဓိကတွင်ကျယ်စွာ အသုံးပြုနေကြတာတွေကတော့ Multi-Media Massage တွေပို့ကြတယ်။

အင်တာနက်ကို ချိန်ဆက်ကြတယ်။ ဘောလုံးပွဲတွေကို ဖုန်းကနေ တိုက်ရိုက်ကြည့်ကြတယ်။ မိုဘိုင်းဘလော့ခ်တွေနဲ့ ချိန်ဆက်အသုံးပြုကြတယ်။

ဓာတ်ပုံတွေရိုက်ပြီးရင် ချက်ချင်းအင်တာနက်ကို ဘလော့ခ်က တစ်ဆင့်တင်ပြီး အင်တာနက်ကကြည့်နိုင်ရုံသာမက တချို့နိုင်ငံတွေမှာ ဆိုရင်ဒီ WCDMA က လမ်းညွန်မြေပုံစနစ်တွေတောင် ရှာလို့ရတယ်။

တခြားအဆင့်မြင့်လုပ်ဆောင်ချကတွေလဲ များစွာပါဝင်တဲ့အတွက် ဒီလိုအဆင့်မြင့်ဖုတ်းစနစ်ကို မြန်မာနိုင်ငံမှာ အသုံးပြုခွင့်ရတော့မယ် ဆိုရင်တော့ အရမ်းဝမ်းသာပါတယ်”ဟု မိုဘိုင်းလ်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများရောင်းချသူတစ်ဦးကပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများသည် ပြည်သူများဆက်သွယ်ရေးစနစ်ကို အဆင့်မြင့်စွာပြောဆိုနိုင်ရန်အတွက် ဆယ်လူလာမိုဘိုင်းလ်ဖုန်းကို ၁၉၉၃ ခုနှစ်တွင် ချပေးခဲ့ပြီး ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်းကို ၂၀၀၁ ခုနှစ်တွင် တပ်ဆင်ပေးခဲ့ကြောင်း၊ ယခုတတိယမျိုးဆက်မိုဘိုင်းလ်ဖုန်းဖြစ်သော WCDMA ကိုလည်း ယခုနှစ်ကုန်ပိုင်းတွင် ချပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

No comments: