လူသားနဲ့ တိရိစ္ဆာန်မျိုးစပ် သန္ဓေသားလောင်း သုတေသန လုပ်ခွင့်ပြု

လူသားနှင့် တိရိစ္ဆာန်သန္ဓေသားဖန်တီးတည်ထွင်ခွင့် သုတေသနလုပ်ငန်းအတွက် အသုံးပြုရန်ကိစ္စကို ခွင့်ပြုရန်အတွက်စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က မူအားဖြင့်သဘောတူညီခဲ့သည်။

သို့သော်လည်း ၎င်းမျိုးစပ်များကို အသုံးပြုလိုကြသော သိပ္ပံပညာရှင်များအနေနှင့် တစ်ဦးချင်းသီးခြားစီ လျောက်လွှာတင်ကြရန် လိုအပ်နေသေးကြောင်း Human Fertilisation and Embryology Aythority HFEA အဖွဲ့ကပြောကြားခဲ့သည်။

၎င်းသုတေသနပြုလုပ်မှုမှာလည်း အယ်ဇိုင်းမားရောဂါကဲ့သို့အခြေအနေများ အတွက်ကုထုံးများ ရှာဖွေတွေ့ရှိနိုင်မည်ဟု ပြောကြားခဲ့မှုကြောင့် အများပြည်သူများက ငြိမ်နေကြကြောင်း HFEA ဆွေးနွေးချက်အရသိရသည်။

ယခုကဲ့သို့ သတင်းကြောင်း လူတော်တော်များများ အထိတ်တလန့်ဖြစ်ကုန်ကြကြောင်း အဆိုပါမျိုးစပ်စမ်းသပ်မှုကို ဆန့်ကျင်သူများကပြောသည်။ စတင်းဆဲလ် Stem Cell ထုတ်ယူရန်ကြိုးပမ်းမှုတစ်ရပ်အနေနှင့် သိပ္ပံပညာရှင်များသည် လူသား၏ဆဲလ်များနှင့် တိရိစ္ဆာန်မျိုးဥများကို ပေါင်းစပ်ခြင်းအားဖြင့် မျိုးစပ်သန္ဓေသားဖန်တီးရန် လိုလားနေကြသည်။

ထိုသို့ဖန်တီးပြီးပါက ၎င်းသန္ဓေသားကို ၁၄ ရက်အတွင်း ဖျက်ဆီးပစ်ရမည်။ ကလပ်စည်း(ဆဲလ်)များသည် ခန္ဓာကိုယ် တည်ဆောက်ရေး အခြေခံကိုဖွဲ့စည်းပေးထားသည်။ ၎င်းမှ တစ်သျူးများဖြစ်လာရန် အလားအလာရှိသည်။

လောလောဆယ်တွင် သိပ္ပံပညာရှင်များသည် မျိုးပွားကုသမှုမှ ကြွင်းကျန်ရစ်သော လူသားမျိုးဥများအပေါ် မှီခိုအားထားရသည်။

လန်ဒန် Kings ကောလိပ်နှင့် Newcastle တက္ကသိုလ်တို့မှ အဖွဲ့နှစ်ဖွဲ့က HFEA အဖွဲ့သို့ မျိုးစပ်သန္ဓေလောင်းအသုံးပြုရန် လျှောက်ထားကြသည်။

၎င်းလျောက်လွှာနှစ်ခုကိုလာမည့် နိုဝင်ဘာလတွင် သီးခြားစီစစ်ရေးကြားနာမှုများပြုလုပ်မည်ဟု ဆိုသည်။ HFEA ၏ ဆုံးဖြတ်ချက်သည် အစိုးရက ၎င်းသုတေသနလုပ်ငန်းနှင့် ပတ်သက်၍စည်းမျဉ်းဥပဒေများ ချမှတ်ရန် ပြုလုပ်နေစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

သန္ဓေသားသုတေသနနှင့် ပတ်သက်သည့်ဥပဒေများ ခေတ်မမီတော့ရုံမက ယခုပြဿနာနှင့် ပတ်သက်၍ ဖော်ပြထားခြင်းလည်းမရှိချေ။ မူလက အစိုးရသည် စက္ကူဖြူစာတန်းဖြင့် ယခုသုတေသနလုပ်ငန်းကို ပိတ်ပင်တားဆီးရန် အဆိုပြုခဲ့သည်။

သို့သော်လည်း ယခုနှစ်တွင်မူ ၎င်းဆုံးဖြတ်ချက်ကို နောက်ပြင်ခဲ့သည့်ဝန်ကြီးများကို လူသားမျိုးစပ်သန္ဓေလောင်းသည် ၉၉.၉ ရာခိုင်နှုန်း လူသားမျိုးစေ့ပါပြီး တိရိစ္ဆာန်မျိုးစေ့ ၀.၁ ရာခိုင်နှုန်း သာပါကြောင်း အသိပေး၍ ပြောင်းလဲခိုင်းခြင်းဖြစ်သည်။

အဆိုပါ ဥပဒေကို ပါလီမန်က အတည်မပြုမီကပင် HFEA အဖွဲ့က၎င်းတို့ ကိုယ်တိုင်သုံးသပ်မှုများပြုလုပ်ခဲ့ကြသည်။ Linacre Center of Healthcare Ethics မှ ဒေါက်တာ ဟက်လမ်ဝပ်ကမူ ယခုစမ်းသပ်မှုသည် သန္ဓေသားလောင်း အခွင့်အရေးများကို နောက်ထပ် ချိုးဖောက်ခြင်းတစ်ရပ်ဖြစ်ကြောင်း ပြောသည်။

လက်တွေ့စမ်းသပ်နေချိန်အတွင်း သန္ဓေသားလောင်းသည် ၎င်းဘဝရှင်သန်မှုကို ဆုံးရှုံးရုံတင်မက လူသားမိဘများ အခွင့်ရေးပါဆုံးရှုံးစေနိုင်ကြောင်း ဒေါက်တာဝပ်ကပြောသည်။

မျိုးစပ်သန္ဓေသားလောင်းကို အသုံးချခြင်းသည် မည်သည့်အခါမျှ လက်မခံနိုင်ကြောင်း ၎င်းသည် လူသားနှင့် တိရိစ္ဆာန်များ၏ဂုဏ်သိက္ခာကိုပါ စော်ကားခြင်းဖြစ်ကြောင်း Comment တာ Reproductive Ethics လှုပ်ရှားမှုအဖွဲ့မှ ဂျို့ဖင်းကွင်တာဗေးလ်က ဝေဖန်ပြောကြားခဲ့သည်။

Source: Phatpa

No comments: