မိုက်ကရိုဝှေ့နဲ့ ပြောင်းဖူးပေါက်ပေါက်အငွေ့ အဆုတ်ရောဂါ ဖြစ်နိုင်

စက်ရုံ အလုပ်သမားသာမဟုတ် စားသုံးသများသည် မိုက်ကရိုဝှေ့မီးဖိုတွင် ပြုလုပ်သော ထောပတ် ပြောင်းဖူးပေါက်ပေါက် မှထွက်သောအငွေ့များကြောင့် အန္တရာယ်ဖြစနိုင်ကြောင်း အဆုတ်ရောဂါ သုတေသနပြုနေသည့် ဆရာဝန်တစ်ဦးက ဖက်ဒရက် ဥပဒေသမားများထံသတိပေးသည့် စာတစ်စောင်ရေးသားခဲ့သည်။

ဒင်ဗာ-ဂျူးအမျိုးသား ဆေးဖက်နှင့် သုတေသနစင်တာမှ အဆုတ်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ရေးသားဖော်ပြရာ၌ ပထမဦးဆုံးဖြစ်ရပ်အနေနှင့် စားသုံးသူအမျိုးသားတစ်ဦးမှာ နှစ်ပေါင်းများစွာနေ့စဉ်နှင့် အမျှဆိုသလို မိုက်ကရိုဝေ့ ပြောင်းဖူးပေါက်ပေါက်မှ အငွေ့များရှူရှိုက်ခဲ့ မှုကြောင်း အဆုတ်ရောဂါ ခံစားနေရသည်ကို တွေ့ ရသည်ဟုဆိုသည်။

အဆိုပါ ပြဿနာနှင့် ပတ်သက်၍ အစားအသောက်စက်ရုံများ၌ ဓာတုအနံ့ရတာများကြောင့် ဝေဒနာခံစားရသော၊ ရာပေါင်းများစွာသော အလုပ်သမားများ၏ တရားစွဲဆိုမှုများရှိခဲ့သည် ဟုဆိုသည်။

ယခုတွေ့ရှိချက်ကိုတုံ့ပြန်သောအားဖြင့် Flavor နှင့် Extract ထုတ်လုပ်သူများအစည်းအရုံးက ကြေညာချက်ထုတ်ပြန်ရာ၌ ၎င်းအသင်းဝင်များကို ထောပတ်အနံ့ထည့်ရာတွင် အသုံးပြုသော Diacetyl အရေအတွက်လျော့ထည့်ကြရန် တိုက်တွန်းထားသည်။ Diacetyl ဒိုင်ရာစီတိုင်းကို FDA ကအနံ့ထည့်ရာတွင် သုံးနိုင်ကြောင်း အတည်ပြုပေးထားသည်။

Source: Phatpa

No comments: