တစ်ရက်ငါးနာရီအောက် အိပ်စက်သူတွေ နှလုံးရောဂါနဲ့သေဆုံးနိုင်မှု နှစ်ဆပိုများ
လုံလောက်သော အိပ်စက်မှုမရခဲ့သောသူများသည် နှလုံးရောဂါဖြင့် သေဆုံးနိုင်ဖွယ်ရှိမှု နှစ်ဆပို၍ရှိနေကြောင်း တနင်္လာနေ့က ထုတ်ပြန်ခဲ့သော ဗြိတိသျှလေ့လာမှုတစ်ခုတွင် ဖေါ်ပြထားသည်။
အကြောင်းရင်းနှင့် ပတ်သက်၍ မသိရသေးသော်လည်း အိပ်ရေးမ၀ခြင်းသည် နှလုံးကို တိုက်ခိုက်မှုနှင့် လေဖြတ်ခြင်းအန္တရာယ်ဖြစ်စေနိုင်သော သွေးဖိအားတိုးမှုနှင့် ဆက်နွယ်နေကြောင်း သုတေသီများက ပြောသည်။
အစိုးရ၀န်ထမ်း ၁၀၀၀၀ ကို ၁၇ နှစ်ကြာလေ့လာချက်အရ တစ်ညတွင် ၇ နာရီအိပ်ချိန်ကိုလျော့၍ ၅ နာရီနှင့်အောက် အိပ်စက်ခဲ့ကြသူများသည် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးရမှုအန္တရာယ်မှာ ၁၇ ဆမြင့်လာသည်ဟုဆိုသည်။
နှလုံးသွေးကြောဆိုင်ရာ သေဆုံးရမှုမှာလည်း နှစ်ဆကျော်သည်။ တွေ့ရှိချက်က ခေတ်သစ်အလုပ်များနေကြသော လူနေမှုဘ၀ပုံစံများကို မီးမောင်းထိုးပြနေကြောင်း warwick ဆေးတက္ကသိုလ်မှ ပါမောက္ခဖရန်စက်ကို ကက်ပူစီယိုက ကင်းဘရစ်ဗြိတိသျှအိပ်စက်မှု အသင်းကြီးကွန်ဖရင့်တွင် ပြောကြားခဲ့သည်။
အမေရိကန်တွင် လူဦးရေ ၄၀ ရာခိုင်နှုန်း၊ အင်္ဂလန်တွင် သုံးပုံတစ်ပုံတို့မှာ အများအားဖြင့် တစ်ရက်လျှင် ငါးနာရီခန့်သာ အိပ်စက်နေကြသည်။
လက်ရှိလူ့အဖွဲ့အစည်းက အိပ်ချိန်ကိုလျှော့ရန်ဖိအားပေးနေမှုသည် အထူးသဖြင့် ၅ နာရီအောက် အိပ်စက်ခဲ့လျှင် မကောင်းသော အယူအဆတစ်ရပ်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ကက်ပူစီယိုနှင့်အဖွဲ့၏ လေ့လာမှု၌ အသက် ၃၅ နှင့် ၅၅ ကြားရှိ လူများ၏ ၎င်းတို့ဘ၀တွင် ၁၉၈၅-၈၈နှင့် ၁၉၉၂-၉၃ တို့၌ အိပ်စက်သည့်ပုံစံများကို လေ့လာဆန်းစစ်ခဲ့ကြသည်။
၎င်းတို့၏ အသေအပျောက်ကို ၂၀၀၄ခုနှစ်တွင် လေ့လာခဲ့သည်။ ထွက်ပေါ်လာသော ရလဒ်များကို အခြားသောအန္တရာယ်အကြောင်းအချက်များဖြစ်သည့် အသက်အရွယ်၊လိင်၊ဆေးလိပ်နှင့် အရက်သေစာသောက်သုံးမှု၊ ခန္ဓာကိုယ်အညွှန်းကိန်း၊သွေးတိုးနှင့် ကိုလက်စထရော စသည်တို့ကိုလည်း ထည့်သွင်းချိန်ထိုးခဲ့သည်။
၁၉၈၀ ခုနှစ်ကထက် ၁၉၉၀ တွင် အိပ်ချိန်ပို၍လျော့လာသူများသည် နှလုံးသွေးကြောဆိုင်ရာအန္တရာယ်နှင့် ဆက်စပ်နေကြောင်းကို ရှင်းလင်းစွာသိခဲ့ရသည်။
ထို့အတူပင် တစ်ရက်လျှင်အိပ်ချိန် ၉ နာရီထက်ကျော်၍ အိပ်စက်သူများမှာလည်း အသေအပျောက်နှုန်း ပို၍မြင့်မားနေသည်ကို တွေ့ရသည်။
ဤနေရာ၌ နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် မဆက်နွယ်တော့ဘဲ အခြားကျန်းမာရေးပြဿနာများဖြစ်သည့် စိတ်ဖိစီးမှု သို့မဟုတ် ကင်ဆာနှင့် ဆက်နွယ်သည့် ဒဏ်ဖြစ်မှုတို့နှင့် သက်ဆိုင်နေကြောင်း ကက်ပူစီယိုကပြောသည်။
တစ်ရက်လျှင် ၇နာရီအိပ်စက်မှုသာ ကျန်းမာရေးအတွက် အသင့်လျော်ဆုံးဖြစ်ကြောင်း ၎င်းကတင်ပြသည်။
Source: Phatpa
No comments:
Post a Comment