သံဃာတော်များ ကို ရိုက်နှုက်ခြင်းသည် သာသနာပြုရာရောက်၏ တဲ့. ထူးဆန်းပါပေ့..ကိုမြင့်မောင်ရယ်။

ကျနော်နားလည် ထားသော၊ ကျနော် အဖိုးအဖွား၊ အဖေအမေနားလည်ထားသော သံဃာမှာ ဘုရားသားတော်များ ဖြစ်သည့် အလျှောက် အမြင့်မြတ်ဆုံးထဲမှာ ပါဝင်သည့် ရတနာ သုံးပါးထဲမှ တစ်ပါးအပါ အ၀င်ဖြစ်သည်။ ဒါမေမယ့် ဒီနေ့သတင်းစာဖတ်လိုက်ရာ အံ့လည်းအံ့သြ.ကြားလည်း မကြားဘူး ဘဲ ထူးဆန်းစွာဖြင့် မိမိအာဏာတည်မြဲရေ အတွက် သာသနာရေးဝန်ကြီးဖြစ်သူ ဦးမြင့်မောင်က သံဃာတော်ကို ရိုက်နှက်ခြင်းသည် သာသနာပြုရာရောက်သည် လို့ ပြောဆိုသည် ကို ဖတ်လိုက်ရပါသည်။ ပြောလိုက်တော့ဖြင့် သာသနာတော် သန့်ရှင်းရေး၊ သာသနာတော် သန့်ရှင်းရေးဖြင့် နိုင်ငံကို အုပ်ချုပ်နေသော အစိုးရက မိမိပြုလုပ်ခဲ့သော အမှားကို မတောင်းပန်မဲ့အပြင် သံဃာတော်များကို တောင်ထပ်မံ ရိုက်နှက်မည့် သဘော ပြောလိုက်သည်။ ပြီးတော့ စာမတတ်မှန်း သေချာသည်။ ဒီလောက်များပြား လှသည့် ကံဆောင်နေသည့် သံဃာအရေအတွက် ကို တစ်ပြည်လုံးရှိ သံဃာအရေအတွက်၏ ၂% လို့ဆိုပြန်သည်။

No comments: