မန္တလေးသံဃာတော်တွေကို တပ်မတော်သားတွေကန်တော့တောင်းပန်။

မန္တလေးမြို့မှာ ဒီနေ့ဆန္ဒပြတဲ့သံဃာတော် တွေကို တပ်မ(၃၃) လက်အောက်ခံ တပ်သားများက ထိုင်ကန်တော့ တောင်းပန်တယ်လို့ မြို့ခံများကပြောပါသည်။

သာသနာ့တက္ကသိုလ်အပါအ၀င် မြို့ပေါ်ကျောင်းတိုက်ကြီးတွေက သံဃာတော်တွေ ကြွချီဆန္ဒပြပြီး (၄၂)လမ်းအရောက်မှာ ဆက်လက်မချီတက်ဖို့ ၄င်းတို့တပ်တွေက မေတ္တာရပ်ခံတားမြစ်ခဲ့သည်။

သို့သော် သံဃာတော်တွေက ` ပစ်ချင်ရင်ပစ်၊ ဆက်လက်ချီတက်မယ်` လို့တုံ့ပြန်ပါသည်။

နောက်ဆုံးမှာ တပ်သားတွေက လက်နက်တွေကိုလမ်းပေါ်ချ၊ သံဃာတော်တွေကို ထိုင်ကန်တော့ပြီး ဆက်လက်မချီတက်ဖို့ ငိုယိုတောင်းပန်တယ်လို့ မျက်မြင်သက်သေတွေရှိတဲ့ မြို့ခံတစ်ဦးကပြောပြသည်။

ဒီမြင်ကွင်းကို ဘေးကကြည့်နေတဲ့ပြည်သူ တွေက ၀ိုင်းဝန်းလက်ခုပ်တီးအားပေးကြပြီး နောက်ဆုံးမှာ သံဃာတော်တွေကို တပ်မ(၃၃) ကလမ်းဖယ်ပေးလိုက်တယ်လို့ သိရပါသည်။

သြော် ရန်ကုန်မှာလည်း ဒီလိုဆိုဘယ်လောက်ကောင်းလိုက်မလဲ။

Source: DVB

No comments: