ပြေးနေသော ကြယ်တစ်လုံး၏ အမြီးတန်းရှည်ကြီးကိုမြင်ရ

အလွန်အမင်း ဝေးလံသည့် အာကာသအတွင်း တစ်နေရာတွင် ပြေးနေသော ကြယ်တစ်လုံးနောက်မှ မိုင်သန်းပေါင်း များစွာ ရှည်ထွက် နေသည့် အမြီးတန်းရှည်ကြီးကိုမြင်တွေ့ ရ၍ မိမိတို့ အံ့မခန်းဖြစ်ရသည်ဟုအမေရိကန် သိပ္ပံ ပညာရှင်များက သြဂုတ်လ ၁၅ ရက်နေ့တွင် ပြောကြားသည်။

"မိုင်ရာ" ဟု အမည်ပေးထားသော ယင်းကြယ်ကို ယခင်နှစ်ပေါင်း ၄၀၀ ခန့်ကတည်းက နက္ခဗေဒပညာရှင်များ စိတ်ဝင်စားလာခဲ့ကြသည်။သို့သော် ကြယ်ကြီး၏ ခြေရာလမ်းကြောင်းကိုမူ မမြင်တွေ့ခဲ့ကြဘဲ နာဆာအဖွဲ့မှ ကြယ်စု သုတေသနဂြိုဟ်တု (GEE) လွှတ်တင် လိုက်သည့်အခါတွင်မှ မြင်တွေ့ခွင့် ရရှိခဲ့ကြသည်။ အလျားအလင်းနှစ် ၁၃ နှစ်ရှိပြီး ကြယ်တံခွန်အမြီးနှင့် ဆင်တူ သော ယင်းမြီးတန်းရှည်သည် မိုင်ရာကြယ် မှ ဓာတ်ခိုးဓာတ်ငွေ့များကို မှုတ်ထုတ် လိုက်ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယင်းကြယ်မြီးတန်းရှည်မျိုးကိုလေ့လာ ခြင်းဖြင့် နေကဲ့သို့သော ကြယ်ကြီးများ သက်တမ်းကုန်ဆုံးပျက်စီးကြပုံနှင့် Ýင်း ဖြစ်စဉ်မှတစ်ဆင့် နေစကြ၀ဠာအသစ် များ စတင်ဖြစ်ထွန်းလာပုံတို့ကို သိရှိနိုင်မည်ဟု သိပ္ပံပညာရှင်များ တွက်ဆသည်။

]]ကျွန်တော်တို့ကောင်းကောင်းသိနေ တဲ့ကြယ်တစ်လုံးနောက်မှာ အင်မတန် ကြီးမားရှည်လျားတဲ့ အမြီးကြီးတန်းနေ တာကို လုံးဝမမျှော်လင့်ဘဲ တွေ့လိုက် ရတော့ ကျွန်တော်တို့ အလွန့်အလွန် အံ့သြတုန်လှုပ်သွားခဲ့ကြပါတယ်}}ဟု အမေရိကန်နိုင်ငံ ပါဆာဒီးနားမြို့ရှိ ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ် မှ ကြယ်စုသုတေသနဂြိုဟ်တုဆိုင်ရာ သုတေသီ ခရစ္စတိုဖာမာတင်ကပြောသည်။

ခရစ္စတိုဖာမာတင်က ယင်းကဲ့သို့သော ကြယ်မြီးတန်းရှည်ကြီးများ၏ ဖြစ်စဉ်သည် နေစကြ၀ဠာအသစ်များ စတင် ဖြစ်ထွန်းမှု အခြေခံများပင်ဖြစ်သည်ဟု ဆိုသည်။ ကြယ်သစ်များ စတင်ဖြစ် တည် ပေါ်ပေါက်လာဖို့အတွက် လိုအပ် သည့်ကာဗွန်၊ အောက်ဆီဂျင်စသော ဓာတ်ငွေ့များကို မိုင်ရာ ကြယ်မြီးတန်း ရှည်လမ်းကြောထဲတွင် တွေ့နိုင် လိမ့်မည် ဟု ခန့်မှန်းထားကြသည်။


Source: MMTimes

No comments: