ဗိုလ်ချုပ် သန်းရွှေ မိသားစု လာအိုရောက်နေ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစုများ နိုင်ငံခြားသို့ ထွက်ပြေးသည် ဆိုသော ကောလာဟလများ မြန်မာလူထု အကြား ရေပန်းစားနေချိန် ဦးတေဇပိုင် အဲယား ပုဂံ လေယာဉ် တစီးကို လာအိုနိုင်ငံ ဗီယင်ကျင်းတွင် ရပ်နားထားသည်ဟု တွေ့မြင်ခဲ့ရသူများက မဇ္ဈိမ သို့ အကြောင်းကြားခဲ့ သည်။

ထပ်မံ စုံစမ်းသိရှိရသည်မှာ ယနေ့ညနေ လာအို စံတော်ချိန် ညနေ ၆ နာရီတွင် ဗီယန်ကျင်း လေဆိပ်သို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု၏ လူယုံတော် စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇပိုင် အဲယားပုဂံ လေယာဉ် ဆိုက်ရောက်ခဲ့ပြီး ခရီးသည် ၈ ဦး ပါရှိသည်ဟု သိရသည်။

စစ်အစိုးရနှင့် နီးစပ်သည့် သတင်းရပ်ကွက် တခုက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီးနှင့် မိသားစုဝင် အရင်းအချာများ ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ဗိုလ်ချုပ်မှူးကြီး မိသားစုသည် အလည်အပတ် သဘောမျိုး သွားရောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

Source: မဇ္ဈိမ

No comments: